အသေးစားလုပ်ငန်းရှင်များ

Small Business Health Options Program (SHOP) မှတဆင့် အသေးစားလုပ်ငန်းရှင်များမှ မိမိ၏ဝန်ထမ်းများအတွက် အရည်အချင်းမြင့်ပြီးကောင်းမွန်သော ကျန်းမာရေး နှင့် သွား အာမခံအစီအစဉ်များကို အသိအမှတ်ပြုလက်မှတ်ရ အာမခံ ကုမ္ပဏီ များမှ တဆင့်သက်သာစွာ လျှောက်ထားခွင့်ပေးနိုင်မည်ဖြစ်ပါသည်။

လုပ်ငန်းရှင်များအနေနှင့် အာမခံ ကုမ္ပဏီ များမှ အာမခံအစီအစဉ်အမျိုးမျိုးအား နှိုင်းယှဉ်ကာ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

လျှောက်ထားနိုင်ရန်အောက်ပါသတ်မှတ်ချက်များနှင့်ကိုက်ညီရန်လိုအပ်ပါသည်။

01

ပုံမှန်စီးပွားရေးလုပ်ငန်း သို့မဟုတ် အကျိုးအမြတ်မယူသောစီးပွားရေးလုပ်ငန်းများတွင်ယေဘုယျအားဖြင့်အနည်းဆုံးဝန်ထမ်း၂ ဦးမှ အများဆုံးဉီးရေ ၅၀အတွင်း ရှိရမည်။

02

အချိန်ပြည့်အလုပ်လုပ်သော (FTE) ဝန်ထမ်း ၂၅ ဦးထက်နည်းပါးပီး ဝန်ထမ်းတစ်ဉီးလျှင် ပျမ်းမျှအားဖြင့် နှစ်စဉ်ဝင်ငွေပမာဏ $56,000 သို့မဟုတ် ထို့ထက်နည်းပါကကျန်းမာရေးအာမခံ အစီအစဉ် ကုန်ကျစရိတ်များအတွက်အခွန်ထောက်ပံ့ကြေးကိုစီးပွားရေးလုပ်ငန်းမှရရှိနိုင်ပါသည်။

03

အထက်ပါသက်မှတ်ချက်များနှင့်ကိုက်ညီပါက ပုံမှန်ကျန်းမာရေးအာမခံလျှောက်ထား ဖွင့်လှစ်စာရင်းသွင်းကာလကိုစောင့်စရာမလိုပါ။ သင်သည် သင့်ဝန်ထမ်းများအား SHOP ကျန်းမာရေးအာမခံအစီအစဉ်များကို တစ်နှစ်ပတ်လုံးအချိန်မရွေးစတင်ကမ်းလှမ်းနိုင်ပါသည်။

SHOP မှတဆင့်သင်သည် သင့်ဝန်ထမ်းများကို လိုက်လျောညီထွေရှိသော ကျန်းမာရေး နှင့် သွား၊မျက်လုံးကျန်းမာရေး စသဖြင့်အာမခံအစီအစဉ် အမျိုးမျိုးအား ရွေးချယ်ခွင့်အားပေးနိုင်မည်ဖြစ်ပါသည်။ သင်သည်သင့်ဝန်ထမ်းများအတွက် လစဉ်အာမခံကြေးများကိုစိုက်ထုတ်ပေးသွင်းနိုင်ပြီး ဝန်ထမ်းများ၏ မိသားစုဝင်များကိုပါ ကမ်းလှမ်းမှု နှင့် ဝန်ထမ်းအသစ်ဖြစ်ပါက ကျန်းမာရေးအာမခံအစီစဉ်ကို လျှောက်ထားနိုင်ရန် သင့်တော်သည့် စောင့်ဆိုင်းကာလကိုသတ်မှတ်နိုင်မည်ဖြစ်ပါသည်။

သင့်၏ လုပ်ငန်းတည်နေရာပေါ်မူတည်၍ လျှောက်ထား၍ရနိုင်သည့် အစီအစဉ်များကို သိရှိနိုင်ရန် ကျွန်ုပ်တို့ကို အခုပဲဆက်သွယ်လိုက်ပါ။

အခြားကျန်းမာရေးအာမခံများ

ဆက်သွယ်ရန်

သင်ရရှိ လျှောက်ထားနိုင်သော ကျန်းမာရေးအာမခံအစီအစဉ်များအကြောင်းသိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။