အမေရိကန်အစိုးရမှ ထောက်ပံ့ပေးသည့် Medicaid , Child Health Plus သို့မဟုတ် Qualified Health Plans/ACA/Obama Care စသည့် ကျန်းမာရေးအာမခံအစီအစဉ်များကို မည်သူမဆို ကျွန်ုပ်တို့ထံမှ တဆင့်လျှောက်ထားနိုင်ပါသည်။

အကယ်၍ သင်နေထိုင်သည့်ပြည်နယ် ဉပဒေအရ Medicaid မရရှိနိုင်ပါကကျန်းမာရေးအာမခံကုန်ကျစရိတ်များ အားအထောက်အပံ့ရရှိပီး ဝင်ငွေအလိုက်သက်သာစေနိုင်ရန်ကျန်းမာရေးအာမခံအစီအစဉ်များကိုMarketplace မှတဆင့်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

ထို့အပြင်, သင်သည် အသက် ၆၅နှစ်နှင့် အထက် ပြည်ထောင်စုအစိုးရမှထောက်ပံ့ပေးသော Medicare  နှင့် ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးသည့် Medicaid အားလျှောက်ထားခွင့် မရပါက ကျွန်ုပ်တို့မှ သင့်အားကူညီ၍ လျှောက်ထားရရှိနိုင်သည့် ကျန်းမာရေးအာမခံအစီအစဉ်များကို လမ်းညွှန်ပြသပေးမည်ဖြစ်ပါသည်။

လျှောက်ထားရန်

01

အခမဲ့ မေးမြန်းစုံစမ်းပါ။

သင်ရရှိ လျှောက်ထားနိုင်သည့် ကျန်းမာရေးအာမခံအစီအစဉ်များကိုသိနိုင်ရန် မေးခွန်းအချို့ကိုဖြေဆို၍ ပို့ပေးပါ။
02

ဖုန်းမှတဆင့်လျှောက်ထားပါ။

ကျွန်ုပ်တို့အားဖုန်းခေါ်ဆို၍ လျှောက်ထားပါ။ သင်နှင့်အသင့်တော်ဆုံးဖြစ်သည့်ကျန်းမာရေးအာမခံအစီအစဉ်အားရွေးချယ်ရန်အကြံပြုပေးမည်ဖြစ်ပီးလိုအပ်သည့် ကျန်းမာရေးအာမခံကိုရရှိနိုင်မည်ဖြစ်ပါသည်။
03

အွန်လိုင်းမှတဆင့် လျှောက်ထားပါ။

ကျွန်ုပ်တို့၏ ဝက်ဆိုက်မှတဆင့်အသေးစိတ် လျှောက်ထားသည့်ဖောင်ကိုဖြည့်စွက်ပြီးသည့်နောက်တွင် ကျွမ်းကျင်သောအာမခံကိုယ်စားလှယ်မှ သင်ရရှိနိုင်သည့် အစီအစဉ်ကို ပြည်လည်ခေါ်ဆိုအကြောင်းကြားပေးမည်ဖြစ်ပြီး , သင့်တော်သည့် ကျန်းမာရေးအာမခံအစီစဉ်ကို အကြုံပြု လျှောက်ထားပေးမည်ဖြစ်ပါသည်။

လူတိုင်းသည် တစ်ဉီးနှင့်တစ်ဉီး လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုများကွဲပြားခြားနားနိုင်သည့်အတွက် မိမိလိုအပ်သည့် အာမခံအစီအစဉ်များမတူညီနိုင်ပါ။ ကျွန်ုပ်တို့ဝန်ဆောင်မှုများ၏ အဓိကရည်ရွယ်ချက်မှာ သင် နှင့် သင့်မိသားစုအား ရရှိနိုင်သည့် အာမခံကုန်ကျစရိတ် အထောက်အပံ့များနှင့် အခြားအထွေထွေကုန်ကျစရိတ်များကို သက်သာစေရန် အောက်ပါအချက်များပေါ်မူတည်၍ မည်ကဲ့သို့လျှောက်ထားနိုင်ရန်လမ်းညွှန်ပေးခြင်းဖြစ်သည်။

အခြားကျန်းမာရေးအာမခံများ

ကျွန်ုပ်တို့ကိုဆက်သွယ်ရန်

သင်ရရှိ လျှောက်ထားနိုင်သော ကျန်းမာရေးအာမခံအစီအစဉ်များအကြောင်းသိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။