သင်နှင့်သင့်မိသားစုအတွက်သွား နှင့် မျက်လုံး ကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်ရန်အာမခံအစီအစဉ်များကိုလစဉ်အာမခံကြေးသက်သာစွာ နှင့်ရေပန်းစားသော PPO network မှ ဆရာဝန်များအားပြသနိုင်ရန်သွားအာမခံတစ်မျိုးထဲဖြစ်စေ၊သွားနှင့်မျက်လုံးအာမခံနှစ်မျိုးပေါင်းဖြစ်စေ လျှောက်ထားနိုင်ပါသည်။ ပုံမှန်သွားကျန်းမားရေးစစ်ဆေးမှု၊ သွားသန့်ရှင်းရေးလုပ်ခြင်းများနှင့် နှစ်စဉ် မျက်လုံးစမ်းသပ်မှုတွေကို စောင့်ဆိုင်းစရာလုံးဝမလိုပဲ အာမခံစတင် အကျုံးဝင်သည့်နေ့မှစ၍ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အထွေထွေကျန်းမာရေးအာမခံအစီအစဉ်များလျှောက်ထားရာတွင် ကလေးများအတွက် သွားနှင့်မျက်လုံးဆိုင်ရာ ဝန်ဆောင်မှုများနှင့် လူကြီးများအတွက် အချို့သော မျက်လုံးရော ဂါများ ကုသနိုင်ရန် အကျိုးခံစားခွင့်များပါဝင်နိုင်ပါသည်။ သို့သော် ထိုကျန်းမာရေးအာမခံအစီအစဉ်များတွင် မျက်မှန်စစ်ခြင်းများ နှင့် မျက်မှန်ကိုင်းပြုလုပ်ခြင်းများ၊ မျက်ကပ်မှန် နှင့် အခြား ကာကွယ်စစ်ဆေး ကုသနိုင်ရန်အတွက်ဝန်ဆောင်မှုများမပါဝင်ပါ။ ဤကဲ့သို့ သွားနှင့် မျက်လုံး အထွေထွေ ဝန်ဆောင်မှုများအတွက် ကျွန်ုပ်တို့ဆီမှ တဆင့် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
သင်ရရှိ လျှောက်ထားနိုင်သော ကျန်းမာရေးအာမခံအစီအစဉ်များအကြောင်းသိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။