ပုံမှန်ကျန်းမာရေးအာမခံလျှောက်ထားဖို့ ခွင့်ပြုချိန်ကာလကျော်သွားပေမဲ့ လျှောက်ထားခွင့်ရှိတဲ့ အချိန်ကိုပြောတာပါ။ သင့်မှာ
- ကျန်းမာရေးအာမခံဆုံးရှုံးသွားတာ၊
- ပြည်နယ်ပြောင်းသွားတာ၊
- လက်ထပ်လိုက်တာ
- ကိုယ်ဝန်ဆောင်တာကလေးမွေးဖွား (သို့) ကလေးမွေးစားလိုက်တာ စတဲ့ အခြေအနေဖြစ်သွားရင်
အထူးလျှောက်ထားခွင့်ကာလအတွက် သတ်မှတ်ချက်ပြည့်မီပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်မှာ ကျန်းမာရေးအာမခံလျှောက်ထားဖို့ ရက်ပေါင်း ၆၀ အချိန်ရပါတယ်။ ရက်ပေါင်း ၆၀ ကျော်သွားရင်တော့ ကျန်းမာရေးအာမခံလျှောက်ထားဖို့ နောက်နှစ်အထိ စောင့်ရမှာပါ။ အလုပ်ကပေးတဲ့ ကျန်းမာရေးအာမခံအစီအစဉ်တွေမှာလည်း ဒီလိုအကြောင်းပြချက်တွေရှိရင် အနည်းဆုံးရက်ပေါင်း ၃၀ အထူးလျှောက်ထားခွင့်ကာလအဖြစ် သတ်မှတ်လျှောက်ထားခွင့်ပေးထားပါတယ်။