အသက်အာမခံ
ကျွန်ုပ်တို့အား သင်သိလိုသည်များကို မေးမြန်းပါ။

သင့်နှင့်သင့်မိသားစု၏ အနာဂတ်များလှပစေနိုင်ရန် ကြိုတင်ကာကွယ်မှုများဖြင့်ပြင်ဆင်ပါ။

ခေတ္တ ယာယီ အသက်အာမခံ

မိမိရွေးချယ်လျှောက်ထားသော သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အသက်အာမခံထားသူ ကွယ်လွန်ချိန်မှာ အကျိုးခံစားခွင့်ရှိသည့် အသက်အာမခံအမျိုးအစားဖြစ်ပါသည်။

တဘဝစာ ရေရှည် အသက်အာမခံ

အသက်အာမခံထားသူ ကွယ်လွန်ချိန်မှာ အကျိုးခံစားခွင့်ရှိသလို, အသက်ရှိစဉ်တွင်လည်း ငွေကိုရင်းနှီးမြှုပ်နှံနိုင်ပြီး အတိုး ရရှိနိုင်သည့် အသက်အာမခံအမျိုးအစားဖြစ်ပါသည်။

ခရီးစဉ်ဖျက်သိမ်းခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း

တယ်လီဖုန်းနဲ့ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်

သင့်တော်မည့် အသက်အာမခံအမျိုးအစားကိုလျှောက်ထားနိုင်ရန် နှင့် စုံစမ်းမေးမြန်းရန် ကျွန်ုပ်တို့အား ဒီနေ့ပဲဆက်သွယ်လိုက်ပါ။

ကျွန်ုပ်တို့၏ ကျွမ်းကျင်သည့်အာမခံကိုယ်စားလှယ်မှ သင့်၏ လိုအပ်ချက်များနှင့်ရည်ရွယ်ချက်များကို တိကျစွာစီစစ်နားထောင်၍ သင်နှင့် သင့်တော်မည့် သက်သာသည့် အသက်အာမခံအမျိုးအစားကိုလျှောက်ထားနိုင်ရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သင့်၏ အရေးကြီးသည့်အနာဂတ်အစီအစဉ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြေလှမ်းတိုင်းမှာကျွန်ုပ်တို့အား ယုံကြည်အားကိုးနိုင်ပါသည်။

ဆက်သွယ်ရန်

ကျွမ်းကျင်သည့်အာမခံကိုယ်စားလှယ်အား အဆင်ပြေမည့်အချိန်တွင် စိတ်ကြိုက်မေးမြန်းနိုင်ရန်ရက်ချိန်းရယူပါ။

အခမဲ့ မေးမြန်းစုံစမ်းပါ

ရိုးရှင်း လွယ်ကူသည့်မေးခွန်းအနည်းကိုဖြေဆို၍ အသက်အာမခံကုန်ကျစရိတ်ကိုအခမဲ့စုံစမ်းလျှောက်ထားပါ။

သင့်အတွက် အသက်အာမခံလိုအပ်ပါသလား?

မကြာခဏ မေးခဲ့သည် မေးခွန်းများ

Medicaid သည် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှ အတူတကွ သတ်မှတ်ထားသည့်ဝင်ငွေနှင့်ကိုက်ညီသော သူများ သို့မဟုတ် ဝင်ငွေနည်းပါး သူများအတွက် တဦးချင်းလိုက်ဖြစ်စေ , မိသားစုလိုက်ဖြစ်စေ၊ အသက်အရွယ်မရွေး အခမဲ့ထောက်ပံ့ပေးသော အစိုးရကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။

Medicare သည် အသက် ၆၅ နှစ်နှင့် ၆၅ နှစ်အထက်ရှိသူများအတွက် ပြည်ထောင်စု အစိုးရမှထောက်ပံ့ပေးသော ကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။ Medicare အား မိမိနေထိုင်ရာပြည်နယ်ရှိနီးစပ်ရာ Social Security Administration ရုံးမှတဆင့်လျှောက်ထားနိုင်ပါသည်။

Marketplace သည် အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် မည်သူမဆို ကျန်းမာရေးအာမခံအစီအစဉ်များကို လျှောက်ထားနိုင်ရန် သို့မဟုတ် ဝယ်ယူနိုင်သည့် နေရာဖြစ်ပြီး ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှတဆင့်ကျန်းမာရေးအာမခံ ကုန်ကျစရိတ်များကိုသက်သက်သာသာဝယ်ယူနိုင်ရန် အထောက်အပံ့များကိုလည်း လျှောက်ထားနိုင်သည့်နေရာဖြစ်ပါသည်။

နှစ်စဉ် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည် တနှစ်မှာတကြိမ်ဖြစ်ပြီး ပြည်နယ်အများစုတွင်ပုံမှန် နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိဖြစ်ပါသည်။ ထိုအချိန်ကာလအတွင်းတွင် သင်သည် ကျန်းမာရေးအာမခံလျှောက်ထားခြင်း၊ လက်ရှိအာမခံအစီအစဉ်အားပြောင်းခြင်း (သို့) ပယ်ဖျက်ခြင်းစသဖြင့် လုပ်ဆောင်နိုင်ပါသည်။ အချို့ပြည်နယ်များတွင် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည်ကွဲပြားနိုင်ပါသည်။

အကယ်၍ သင်သည်လက်ရှိ Medicaid ရရှိထားပါက လာမည့် နှစ်တွင် ဆက်လက် ရရှိနိုင်ခွင့်ရှိမရှိနှင့် သင့်၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဝင်ငွေ (သို့) လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအခြေအနေများ စသဖြင့် ကို နှစ်စဉ် အကြောင်းကြား ပြန်လည်လျှောက်ထားရခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပါသည်။

မကြာခဏ မေးခဲ့သည် မေးခွန်းများ

Life Insurance (အသက်အာမခံ) ဆိုတာ သင်နဲ့ အာမခံကုမ္ပဏီကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်တစ်ခု ဖြစ်ပါတယ်။ သင်က Premium ပေးဆောင်ပြီး Policy အသက်ဝင်နေစဉ် သင်ကွယ်လွန်သွားပါက Beneficiary များထံ Death Benefit ကို ပေးချေပါသည်။

အသက်အာမခံသည် သင့်မိသားစု၏ ငွေကြေးအနာဂတ်ကို ကာကွယ်ပေးပြီး နေထိုင်စရိတ်၊ အကြွေးများ၊ ပညာရေးစရိတ်နှင့် သင်္ဂြိုဟ်စရိတ်များအတွက် အထောက်အကူပြုနိုင်ပါသည်။

Term Life Insurance သည် သတ်မှတ်ထားသောကာလအတွင်းသာ ကာကွယ်ပေးပြီး စျေးသက်သာသည်။ Whole Life Insurance သည် တစ်သက်တာ ကာကွယ်ပေးပြီး Cash Value စုဆောင်းနိုင်သည်။

Coverage ပမာဏသည် သင့်ဝင်ငွေ၊ အကြွေးများ၊ မိသားစုလိုအပ်ချက်များနှင့် အနာဂတ်ရည်မှန်းချက်များပေါ် မူတည်ပါသည်။ ကျွမ်းကျင်သူများက နှစ်စဉ်ဝင်ငွေ၏ 10–15 ဆခန့် အာမခံထားရန် အကြံပြုကြသည်။

အသက်အာမခံကြေးသည် အသက်၊ ကျန်းမာရေး၊ နေထိုင်မှုပုံစံ၊ Coverage ပမာဏနှင့် Policy အမျိုးအစားတို့ပေါ် မူတည်ပါသည်။

Beneficiary အဖြစ် ခင်ပွန်း/ဇနီး၊ သားသမီး၊ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ Trust သို့မဟုတ် Charity များကို ရွေးချယ်နိုင်ပါသည်။ Policy အများစုတွင် နောက်ပိုင်း၌ ပြောင်းလဲနိုင်ပါသည်။

အချို့သော Policy များတွင် ဆေးစစ်ချက်လိုအပ်ပြီး အချို့မှာ မလိုအပ်ပါ။ Medical Exam မလိုသော Policy များသည် Premium ပိုမြင့်နိုင်ပါသည်။

အသက်၊ ကျား/မ၊ ကျန်းမာရေး၊ ဆေးလိပ်သောက်ခြင်း၊ အလုပ်အကိုင်၊ ဝါသနာနှင့် Coverage ပမာဏတို့က Premium ကို သက်ရောက်စေပါသည်။

Policy အများစုတွင် Grace Period ရှိပါသည်။ Policy ကို ဖျက်သိမ်းပါက Term Life သည် အာမခံရပ်ဆိုင်းသွားပြီး ငွေပြန်မရတတ်ပါ။ Whole Life တွင် Cash Surrender Value ရှိနိုင်ပါသည်။

Beneficiary သည် Claim Form၊ Death Certificate နှင့် လိုအပ်သောစာရွက်စာတမ်းများကို တင်သွင်းရပါသည်။ အတည်ပြုပြီးနောက် အာမခံကုမ္ပဏီက Death Benefit ကို ပေးချေပါသည်။ ပုံမှန်အားဖြင့် ရက်သတ္တပတ်အနည်းငယ်မှ လအနည်းငယ်အတွင်း ပေးချေလေ့ရှိပါသည်။