သင်/သင့်မိသားစုဝင်များ၏ လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများအတွက် မိမိနေထိုင်ရာ ပြည်နယ်အစိုးရ မှ ရရှိနိုင်သည့် ကျန်းမာရေးအာမခံ အစီအစဉ်များဖြစ်သည့် Medicaid (သို့) Child Health Plus အစီအစဉ်များ ကို လျှောက်ထားရန် သို့မဟုတ် သင်/သင့်မိသားစု၏ ဝင်ငွေသည် Medicaid သတ်မှတ်ထားသည့် ပမာဏ အားကျော်လွန်ပြီး မိမိနေထိုင်ရာ ပြည်နယ်အစိုးရ မှ ကျန်းမာရေး အာမခံဝယ်ယူရာတွင် စိုက်ထုတ်ပေးသည့် အထောက်အပံ့များဖြင့် ACA/Qualified Health Plan/ Obama Care အစီအစဉ်များအားလျှောက်ထားနိုင်မည်ဖြစ်ပါသည်။
Medicare (Part A နှင့် Part B) ကိုရ ရှိထားပြီး မိမိနေထိုင်သည့် ပြည်နယ်မှ Medicaid ကိုလည်း ရရှိထားပါက Medicare Advantage Plans & Prescription Plans အထူးအစီစဉ်များ အားလျှောက်ထားနိုင်မည်ဖြစ်ပါသည်။
အလုပ်ရှင်များအနေဖြင့် မိမိနှင့် မိမိဝန်ထမ်းများအတွက် အရည်သွေးမြင့်မားသော အာမခံကုမ္ပဏီများမှသင့်တော်သည့် ကျန်းမာရေးအာမခံအစီအစဉ်များကို ကမ်းလှမ်းနိုင်ဖို့လည်း ကျွန်ုပ်တို့အနေ နှင့် ဝန်ဆောင်မှုများပေးနိုင်ပါသည်။ Small Business Marketplace (SHOP) မှတဆင့် ပြည်နယ်အစိုးရမှ ရရှိနိုင်သည့် အထောက်အပံ့များအား လျှောက်ထား၍လည်း အာမခံကြေး ၏ တဝက်အား လျော့ကျသွားစေနိုင်ပါသည်။
အမေရိကန်နိုင်ငံတွင် လာရောက် ပညာသင်ဆည်းပူးလိုသူများ အတွက် F1 နှင့် J1 Visa လျှောက်ထား နိုင်ရန် မိမိတက်ရောက်လိုသော ကျောင်းမှ လိုအပ်သည့် ကျန်းမာရေးအာမခံအစီအစဉ် ကိုလွယ်ကူစွာလျှောက်ထားနိုင်ပါသည်။
အမေရိကန်နိုင်ငံတွင် လာရောက် ပညာသင်ဆည်းပူးလိုသူများ အတွက် F1 နှင့် J1 Visa လျှောက်ထား နိုင်ရန် မိမိတက်ရောက်လိုသော ကျောင်းမှ လိုအပ်သည့် ကျန်းမာရေးအာမခံအစီအစဉ် ကိုလွယ်ကူစွာလျှောက်ထားနိုင်ပါသည်။
သွားကျန်းမာရေး နှင့် မျက်လုံး ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန် အတွက် အာမခံအစီအစဉ်များ ကို လစဉ် အာမခံကြေး သက်သာစွာ နှင့် ရေပန်းစားသော PPO network မှ ဆရာဝန်များအားပြသနိုင်ရန် တခုချင်းဖြစ်စေ၊ နှစ်ခုပေါင်းဖြစ်စေ လျှောက်ထားနိုင်ပါသည်။ ပုံမှန်သွားကျန်းမားရေးစစ်ဆေးမှု၊ သွားသန့်ရှင်းရေးလုပ်ခြင်းများနှင့် နှစ်စဉ် မျက်လုံးစမ်းသပ်မှုတွေကို စောင့်ဆိုင်းစရာလုံးဝမလိုပဲ အာမခံစတင် အကျုံးဝင်သည့်နေ့မှစ၍ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
မိမိနိုင်ငံမှအခြားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်ရသူများ စိတ်ပူပန်မှုကင်းဝေးစွာ ရက်တိုရက်ရှည် ခရီးသွားစဉ် ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန်အတွက် နှင့် ပြည်ပတွင် ၁နှစ်နှင့်အထက် ပုံမှန်နေထိုင်သူများ အတွက် တဦးချင်း (သို့) မိသားစုလိုက်ကျန်းမာရေးအာမခံ အစီစဉ်များကိုလျှောက်ထားနိုင်မည်ဖြစ်ပြီး ကြိုတင်ကာကွယ်မှု၊ ပုံမှန်ကျန်းမာရေး စစ်ဆေးမှု၊ ဖျားနားမှု နှင့် ထိခိုက်ဒဏ်ရာရကုသမှုများအတွက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
International students can apply & purchase the Student Health Plans which are required by colleges, universities, or other institutions of higher. Coverage for international students studying in the U.S. is available to students on an F1 visa and meets J1 visa requirements.
အဆင့်မြင့် ကောင်းမွန်သောအာမခံ ကုမ္ပဏီများမှ ကျန်းမာရေးအာမခံအစီအစဉ်များကို ကျွန်ုပ်တို့မှတဆင့်အချိန်ကုန်သက်သာစွာ တစ်နေရာထဲမှ ရွေးချယ် လျှောက်ထားနိုင်ပါသည်။ ကျန်းမာရေးအာမခံကုန်ကျစရိတ်များ အားသက်သာစေနိုင်ရန် ကျွန်ုပ်တို့အားမေးမြန်းလျှောက်ထားပါ။
Medicaid & CHIP အစီအစဉ်များသည် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်နည်းပြီး ဝင်ငွေနည်းပါးသူများ နှင့် မိသားစုဝင်များ, ကိုယ်ဝန်ဆောင်သည်များ, သက်ကြီးရွယ်အိုများ နှင့် မသန်းစွမ်းသူများ အတွက် ကျန်းမာရေးအာမခံအစီအစဉ်များဖြစ်ပါသည်။ မိမိနေထိုင်သောပြည်နယ်ပေါ်မူတည်၍ အသက် ၆၅နှစ်အောက်ရှိ သတ်မှတ်ထားသောဝင်ငွေနှင့်ကိုက်ညီသူများ လျှောက်ထားခွင့်ရနိုင်ပါသည်။
မိမိပြည်နယ်မှ Medicaid မရနိုင်သောသူများသည် American Resuce Plan Act of 2021 ၏ စည်းမျဉ်းအသစ်များအရ ဝင်ငွေပေါ်မူတည်၍ လစဉ် ကျန်းမာရေးအာမခံကုန်ကျစရိတ်များကိုသက်သာစေ နိုင်ရန်အတွက် Advanced Premium Tax Credit (APTC) များကိုလျှောက်ထားနိုင်မည်ဖြစ်ပါသည်။ အကယ်၍ သင့်၏ ဝင်ငွေသည် ပြည်ထောင်စုအစိုးရမှသတ်မှတ်ထားသော Federal Poveral Level , ၁၀၀ ရာခိုင်နှုန်း မှ ၄၀၀ ရာခိုင်နှုန်းကြားရှိပါက ကျန်းမာရေး အာမခံကြေးများအတွက် အထောက်အပံ့များရယူနိုင်မည်ဖြစ်ပါသည်။
Medicaid သည် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှ အတူတကွ သတ်မှတ်ထားသည့်ဝင်ငွေနှင့်ကိုက်ညီသော သူများ သို့မဟုတ် ဝင်ငွေနည်းပါး သူများအတွက် တဦးချင်းလိုက်ဖြစ်စေ , မိသားစုလိုက်ဖြစ်စေ၊ အသက်အရွယ်မရွေး အခမဲ့ထောက်ပံ့ပေးသော အစိုးရကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။
Medicare သည် အသက် ၆၅ နှစ်နှင့် ၆၅ နှစ်အထက်ရှိသူများအတွက် ပြည်ထောင်စု အစိုးရမှထောက်ပံ့ပေးသော ကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။ Medicare အား မိမိနေထိုင်ရာပြည်နယ်ရှိနီးစပ်ရာ Social Security Administration ရုံးမှတဆင့်လျှောက်ထားနိုင်ပါသည်။
Marketplace သည် အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် မည်သူမဆို ကျန်းမာရေးအာမခံအစီအစဉ်များကို လျှောက်ထားနိုင်ရန် သို့မဟုတ် ဝယ်ယူနိုင်သည့် နေရာဖြစ်ပြီး ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှတဆင့်ကျန်းမာရေးအာမခံ ကုန်ကျစရိတ်များကိုသက်သက်သာသာဝယ်ယူနိုင်ရန် အထောက်အပံ့များကိုလည်း လျှောက်ထားနိုင်သည့်နေရာဖြစ်ပါသည်။
နှစ်စဉ် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည် တနှစ်မှာတကြိမ်ဖြစ်ပြီး ပြည်နယ်အများစုတွင်ပုံမှန် နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိဖြစ်ပါသည်။ ထိုအချိန်ကာလအတွင်းတွင် သင်သည် ကျန်းမာရေးအာမခံလျှောက်ထားခြင်း၊ လက်ရှိအာမခံအစီအစဉ်အားပြောင်းခြင်း (သို့) ပယ်ဖျက်ခြင်းစသဖြင့် လုပ်ဆောင်နိုင်ပါသည်။ အချို့ပြည်နယ်များတွင် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည်ကွဲပြားနိုင်ပါသည်။
အကယ်၍ သင်သည်လက်ရှိ Medicaid ရရှိထားပါက လာမည့် နှစ်တွင် ဆက်လက် ရရှိနိုင်ခွင့်ရှိမရှိနှင့် သင့်၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဝင်ငွေ (သို့) လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအခြေအနေများ စသဖြင့် ကို နှစ်စဉ် အကြောင်းကြား ပြန်လည်လျှောက်ထားရခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပါသည်။
ကျန်းမာရေးအာမခံဆိုတာ ဆေးကုသမှုကုန်ကျစရိတ်များကို ကူညီပေးသော အာမခံစနစ်တစ်ခု ဖြစ်ပါတယ်။
သင်က အာမခံကုမ္ပဏီကို လစဉ်ကြေး (Premium) ပေးထားပြီး နာမကျန်းဖြစ်လို့ ဆေးရုံ၊ ဆေးခန်း သွားရတဲ့အခါ ကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကို အာမခံကုမ္ပဏီက ပေးချေပါတယ်။
တစ်နှစ်အတွင်း သင်ကိုယ်တိုင် အများဆုံးပေးရမယ့် ငွေပမာဏကို ဆိုလိုပါတယ်။
Deductible, Copay, Coinsurance တွေ ပေါင်းပြီး သတ်မှတ်ထားတဲ့ ပမာဏကို ရောက်သွားရင် အဲဒီနှစ်ကျန်တဲ့အချိန်မှာ အာမခံက Covered Services တွေအတွက် 100% ပေးချေလေ့ရှိပါတယ်။
မှတ်ချက်: Premium ကို Out-of-Pocket Maximum ထဲ မထည့်ပါ။
Plan အလိုက် မတူပေမယ့် အများအားဖြင့် အောက်ပါဝန်ဆောင်မှုများ ပါဝင်တတ်ပါတယ်။
ဆရာဝန်တွေ့ခြင်း
ဆေးရုံတက်ခြင်း
အရေးပေါ်ကုသမှု
ဓာတ်ခွဲစစ်ဆေးမှု
စိတ်ကျန်းမာရေးကုသမှု
ကိုယ်ဝန်ဆောင်နှင့် မွေးဖွားမှုဆိုင်ရာ ဝန်ဆောင်မှု
ဆေးဝါးများ
ကြိုတင်ကာကွယ်ရေးစစ်ဆေးမှုများ
Referral
Primary Care Doctor (မိသားစုဆရာဝန်) က Specialist ဆီသွားဖို့ ခွင့်ပြုချက်ပေးခြင်း။
Prior Authorization
ကုသမှု၊ စစ်ဆေးမှု သို့မဟုတ် ဆေးဝါးအချို့ကို မသုံးခင် အာမခံကုမ္ပဏီရဲ့ ကြိုတင်အတည်ပြုချက် လိုအပ်ခြင်း။
Plan အမျိုးအစားပေါ် မူတည်ပြီး လိုအပ်မှု ကွာခြားပါတယ်။
Health Insurance အများစုမှာ ဆေးဝါးများကို Cover ပေးပါတယ်။
Formulary
အာမခံက Cover ပေးတဲ့ ဆေးစာရင်း ဖြစ်ပါတယ်။
Tier 1 Generic Drugs စျေးအသက်သာဆုံး
Tier 2 Preferred Brand Drugs
Tier 3 Non-Preferred Brand Drugs
Tier 4 Specialty Drugs စျေးအကြီးဆုံး
Tier မြင့်လေလေ သင်ပေးရတဲ့ငွေ ပိုများလေလေ ဖြစ်ပါတယ်။
အများအားဖြင့် In-Network Provider တွေဆီမှာ ပြုလုပ်ရင် အပိုကုန်ကျစရိတ်မရှိဘဲ Cover ပေးတတ်ပါတယ်။
ဥပမာ -
နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်း
ကာကွယ်ဆေးထိုးခြင်း
သွေးပေါင်ချိန်စစ်ဆေးခြင်း
Cholesterol စစ်ဆေးခြင်း
Cancer Screening အချို့
EOB ဆိုတာ အာမခံကုမ္ပဏီက ပို့တဲ့ ရှင်းလင်းချက်စာရွက် ဖြစ်ပါတယ်။
အဲဒီထဲမှာ
ဘာကုသမှုလုပ်ခဲ့လဲ
ဘယ်လောက်ကျသလဲ
အာမခံက ဘယ်လောက်ပေးသလဲ
သင် ဘယ်လောက်ပေးရနိုင်သလဲ
ဆိုတာတွေ ဖော်ပြထားပါတယ်။
EOB သည် Bill (ငွေတောင်းခံလွှာ) မဟုတ်ပါ။
တကယ်ငွေပေးရမယ်ဆိုရင် ဆေးရုံ သို့မဟုတ် ဆေးခန်းက သီးခြား Bill ပို့ပါလိမ့်မယ်။
Open Enrollment Period
နှစ်စဉ် သတ်မှတ်ထားသော အချိန်အတွင်း Plan အသစ်ဝင်ခြင်း သို့မဟုတ် Plan ပြောင်းခြင်း ပြုလုပ်နိုင်ပါတယ်။
Special Enrollment Period (SEP)
အောက်ပါ အခြေအနေများ ဖြစ်ပေါ်လာရင် Open Enrollment မဟုတ်တဲ့အချိန်မှာလည်း Plan ပြောင်းနိုင်ပါတယ်။
အိမ်ထောင်ပြုခြင်း
ကွာရှင်းခြင်း
ကလေးမွေးခြင်း
ကလေးမွေးစားခြင်း
အလုပ်ပြောင်းပြီး အာမခံဆုံးရှုံးခြင်း
နေရာပြောင်းရွှေ့ခြင်း
