အမေရိကန်ပြည်ထောင်စုက ပြည်နယ်တော်တော်များများမှာ ကျန်းမာရေးအာမခံလျှောက်ဖို့ ပုံမှန်အားဖြင့် နိုဝင်ဘာ ၁ ရက်နေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စာရင်းသွင်းနိုင်ပါတယ်။
လက်ထပ်တာ၊ ကိုယ်ဝန်ဆောင်တာ၊ အခြားရှိပီးသားကျန်းမာရေးအာမခံ ဆုံးရှုံးသွားတာ၊ အိမ်ထောင်စုဝင်ငွေအပြောင်းအလဲဖြစ်သွားတာဆိုတဲ့ အဖြစ်အပျက်တွေရှိတယ်ဆိုရင် ပုံမှန်စာရင်းသွင်းကာလအချိန်ကျော်သွားပေမဲ့ သင့်အနေနဲ့ ကျန်းမာရေးအာခံ လျှောက်ထားခွင့်ရနိုင်ပါသေးတယ်။
-
အလုပ်ကပေးတဲ့ ကျန်းမာရေးအာမခံအစီအစဉ်တွေမှာ စာရင်းသွင်းတဲ့ အချိန်ကာလ အမျိုးမျိုးရှိပါတယ်။ သင့်အလုပ်ရှင်ကို မေးကြည့်ပါ။
-
သင့်အနေနဲ့ Medicaid (သို့) Children’s Health Insurance Program (CHIP) ကို ဘယ်အချိန်ပဲဖြစ်ဖြစ် လျှောက်နိုင်ပါတယ်။
အရေးကြီးနေ့စွဲများ
-
နိုဝင်ဘာ ၁ ရက် – နောက်နှစ်အတွက် ကျန်းမာရေးအာမခံ စပြီးလျှောက်လို့ရတဲ့ ပထမဆုံးနေ့ဖြစ်သလို၊ အသစ်ပြန်လျှောက်ထားတာ၊ ကျန်းမာရေးအာမခံအစီအစဉ် ပြောင်းလဲတာတွေ လုပ်လို့ရပါပြီ။ ဒီနေ့မှာလုပ်မယ်ဆိုရင် ဇန်နဝါရီ ၁ ရက်နေ့ကို စသုံးနိုင်မှာပါ။
-
ဒီဇင်ဘာ ၁၅ ရက်က တော့ လာမည့် ဇန်နဝါရီ ၁ ရက်နေ့စပြီးသုံးလို့ရမယ့် ကျန်းမာရေးအာမခံ စာရင်းသွင်းဖို့နဲ့ အစီအစဉ်ပြောင်းလဲတာတွေလုပ်လို့ရမယ့် နောက်ဆုံးနေ့ပါ။
-
ဇန်နဝါရီ ၁ ရက် ကတော့ ဒီဇင်ဘာ ၁၅ ရက်အတိုင်ခင် စာရင်းသွင်းထားသူတွေ၊ အစီအစဉ်ပြောင်းထားသူတွေအတွက် ကျန်းမာရေးအာမခံအစီအစဉ် စတင်ပြီဖြစ်သလို ပထမဆုံးလစဉ်ကြေးကို ဒီနေ့အမှီနောက်ဆုံးထားပေးရမှာဖြစ်ပါတယ်။
-
ဇန်နဝါရီ ၁၅ ရက် ကတော့ လက်ရှိနှစ်အတွက် ကျန်းမာရေးအာမခံ အစီအစဉ် စာရင်းသွင်းဖို့ခွင့်ပြုထားတဲ့နောက်ဆုံးရက်ဖြစ်ပါတယ်။
-
သင်ဟာ အထူးလျှောက်ထားခွင့်ရှိတဲ့အခြေအနေ သတ်မှတ်ချက်ပြည့်စုံရင်တော့ ဇန်နဝါရီ ၁၅ ရက်ကျော်သွားပေမယ့် လျှောက်ခွင့်ရှိပါသေးတယ်။
-
ဖေဖော်ဝါရီ ၁ ရက် ကတော့ ဒီဇင်ဘာ ၁၆ ရက်ကနေ ဇန်နဝါရီ ၁၅ ရက်အတွင်း စာရင်းသွင်းသူတွေအတွက် ကျန်းမာရေးအာမခံအစီစဉ် စသုံးလို့ရပြီဖြစ်သလို ပထမဆုံးလစဉ်ကြေးလည်း အမှီပေးရမှာဖြစ်ပါတယ်။