1095-Aဖောင်နှင့်နှစ်စဉ်အခွန်အကြောင်းကြားခြင်း
အခွန်ဆောင်ရမယ့်အချိန်ရောက်လာပါပြီ။
1095-Aဖောင်ကို ဘယ်လိုအသုံးပြုရမလဲ❓
သင်/သင့်မိသားစုဝင်ဟာ ၂၀၂၃ ခုနှစ်မှာ Marketplace မှတဆင့် အစိုးရမှစိုက်ထုပ်ပေးသော Advanced Premium Tax Credit လက်ခံရရှိ၍ကျန်းမာရေးအာမခံ ရှိခဲ့ပါသလား?
ဒီလိုဆိုရင် အခွန်ဆောင်တဲ့အခါ ကျန်းမာရေးအာမခံနဲ့ပတ်သက်တဲ့ 1095-Aဖောင်ကို သင်လိုလာပါလိမ့်မယ်။ ဒီဖောင်ကို ကျန်းမာရေးအာမခံလျှောက်ထားတဲ့ Marketplace ကပို့မှာဖြစ်ပြီး IRS ကိုနှစ်စဉ် ဝင်ငွေ အခွန်အကြောင်းကြားရာမှာ ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။
၁။ ဖောင်ကို ရှာပါ။
ဖောင်ကို သင့်စာတိုက်ပုံးဆီ ဖေဖော်ဝါရီလအစောပိုင်းလောက်မှာ ပို့ထားမှာပါ။ ဒါမှမဟုတ်ရင်လည်း သင့် Marketplace အကောင့်ထဲမှာ အခုရှိနေပါလိမ့်မယ်။
၂။ ဖောင်ကို စစ်ဆေးပါ။
ဖောင်ထဲတွင်ပါဝင် သော သင့်၏အထွေထွေ အကြောင်းအရာများ (နာမည်စာလုံးပေါင်း, မိသားစုဉီးရေ,လိပ်စာ, စသဖြင့်)မှန်မမှန်ကိုစစ်ပါ။ ဒီဖောင်ထဲမှာ သင်/သင့်မိသားစုဝင်တွေရဲ့ မနှစ်က Marketplace မှ လျှောက်ထားသော ကျန်းမာရေးအာမခံအစီအစဉ်က အချက်အလက်တွေ ပါသင့်ပါတယ်။
၃။ ဖောင်ကို အသုံးပြုပါ။
အားလုံးမှန်တယ်ဆိုရင် 1095-A ဖောင်က အချက်အလက်တွေကို အခွန်အကြောင်းကြားတဲ့အခါ သင့်၏ စာရင်းကိုင်ကို ပေးပါ။ အကယ်၍ အမှားတခုခုတွေ့ပါက Marketplace ကို ဆက်သွယ်ပြီး မှန်တဲ့ဖောင်ကို တောင်းပါ။ ဖောင်အမှန် မရမချင်း အခွန်မဆောင်ပါနဲ့ဦး။
မျှဝေပါ :

ဝန်ဆောင်မှုများရယူရန်

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကိုအခမဲ့ရယူပြီးသိလိုသည့်မေးခွန်းများကိုစိတ်ကြိုက်မေးမြန်းနိုင်ပါသည်။