
Medicaid သက်တမ်းတိုးခြင်း ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ?
Medicaid သက်တမ်းတိုးခြင်းဆိုသည်မှာလာမည့်နှစ်အတွက် Medicaid အခွင့်အရေးများ ဆက်လက် ရရှိနိုင်ရန် ပြန်လည် လျှောက်ထားခြင်းဖြစ်ပါသည်။
Medicaid ကိုစတင် ရထားသည့်လမှ စပြီး ၁၂ လ တစ်ခါ သက်တမ်းတိုးရန် မိမိနေထိုင်လျှောက်ထားသည့် ပြည်နယ် Medicaid ရုံးမှ လိုအပ်သည့်အချက်အလက်များကို ပြန်လည်ပေးပို့ရန် စာပို့အကြောင်းကြားပေးပါသည်။
အကြောင်းကြားစာထဲတွင်
– ပြန်လည်ပေးပို့ရမည့် အချက်အလက် နှင့် စာရွက်စာတမ်းများ
– စာရွက်စာတမ်းနောက်ဆုံးတင်ရမည့်ရက်
– သက်တမ်းတိုးနိုင်မည့် နည်းလမ်းများ ( ပြန်လည်ပေးပို့ရမည့် လိပ်စာနှင့် Fax နံပတ်) ပါ၀င်ပါမည်။
သင့်အနေနဲ့ ဘာအထောက်အထား စာရွက်စာတမ်းများလိုမလဲ?
တစ်ယောက်နဲ့ တစ်ယောက်အပေါ်မူတည်ပြီး လိုအပ်သည့် စာရွက်စာတမ်းများ ကွာခြားသည့်အတွက် မိမိ၏ အကြောင်းကြားစာကို ဖတ်ပြီးသိရှိနိုင်ပါသည်။
များသောအားဖြင့်ပြန်လည်အကြောင်းကြားရတတ်သည့်အချက်အလက်များမှာ
– လက်ရှိလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်,နေထိုင်ခွင့် နှင့် မှတ်ပုံတင်များ (immigration status)
-လက်ရှိအလုပ်မှရရှိသော နောက်ဆုံးတစ်လ၏ ၀င်ငွေဖြတ်ပိုင်း သို့ ၁ နှစ်စာ အခွန်ဆောင်ထားသော မှတ်တမ်း
– လက်ရှိ နေထိုင်လိပ်စာ နှင့် မိသားစုဝင်ဉီးရေ တို့ဖြစ်ပါသည်။
သက်တမ်းတိုးဖို့ စာရွက်စာတမ်းတွေ ပြန်လည်ပေးပို့ရန်ရက်ကျော်လွန်သွားလျှင် ဘယ်လိုလုပ်မလဲ?
သင့်အနေဖြင့် သက်တမ်းတိုးရက် ကျော်လွန်သွားခဲ့လျှင် သင်၏ ကျန်းမာရေးအာမခံသည်ရပ်တန့်သွားမည်ဖြစ်ပီး စာရွက်စာတမ်းများလက်ခံရရှိပြီးသည့်နောက်တွင် ပြန်လည်အသုံးပြုနိုင်မည့် ရက်စွဲအသစ်နှင့် မိမိလျှောက်ထားရနိုင်သည့် ကျန်းမာရေးအာမခံအစီအစဉ်အသစ်အား သိရမည်ဖြစ်ပါသည်။
Medicaid သက်တမ်းတိုးရန် အကူအညီလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပီး ကူညီဝန်ဆောင်မှုများသည်အခမဲ့ဖြစ်ပါသည်။