အသက် ၆၅ နှစ်နှင့်အထက်

Medicare ဆိုတာဘာလဲ?

Medicare သည်
01

အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ

02

အသက် ၆၅ နှစ်အောက်ရှိ မသန်စွမ်းသူများ

03

နောက်ဆုံးအဆင့် ကျောက်ကပ်ဆိုင်ရာရောဂါ (ESRD) ရှိသည့်မည်သည့်အသက်အရွယ်မရွေး (ကျောက်ကပ်အစားထိုးခြင်းသို့မဟုတ်ကျောက်ကပ်အစားထိုး ခြင်းလိုအပ်သောကျောက်ကပ်ရောဂါ) ရှိသူများ အတွက် ပြည်ထောင်စု အစိုးရ (Federal) မှ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များအတွက် ထောက်ပံ့ပေး သော ကျန်းမာရေးအာမခံ အစီအစဉ် ဖြစ်သည်။

အချို့လူများသည် အသက် ၆၅နှစ်ပြည့်ပါက သို့ဟုတ် အသက် ၆၅မတိုင်ခင် အငြိမ်းစားယူခြင်း သို့မဟုတ် မသန်းစွန်းမှု အကျိုးခံစားခွင့်များကို စတင်ရရှိပါက လျှောက်စရာမလိုပဲ အလိုအလျှောက်ရရှိနိုင်ပါသည်။

Medicare တွင် အဓိက သိထားသင့်သော ခွဲခြားထားသည့် အပိုင်းများမှာ

The different parts of Medicare help cover specific services:
A

ဆေးရုံနှင့်ပတ်သက်သောအာမခံအစီအစဉ်များ

B

ဆေးခန်းနှင့်အခြားပြင်ပကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ

C

Part A,B,D နှင့်

အခြားသွားနှင့်မျက်စိဆိုင်ရာဝန်ဆောင်မှုများအတူစုစည်းထားသောအထူး အာမခံအစီအစဉ်တမျိုး

D

ဆေးဝါးနှင့်ပတ်သက်သော ဝန်ဆောင်မှုများ

ပထမဆုံးအကြိမ် Medicare အားလျှောက်ထားရရှိသည့်အချိန်တွင် သင့်၏ ကျန်းမာရေးဝန်ဆောင်မှုများ ကိုမည်ကဲ့သို့အကျိုးခံစားခွင့်ရှိလို ကြောင်းကိုရွေးချယ်ခွင့်ရှိပါသည်။ ဤကဲ့သို့ရွေးချယ်ရာတွင် အဓိကအားဖြင့်Original Medicare (Part A and Part B) or a Medicare Advantage Plan (Part C) ဟု ၂မျိုး ရှိသည်။ အချို့ သူများသည် အခြားလိုအပ်သော အကျိုးခံစားခွင့်များဖြစ်သည့် ဆေးဝါးထုတ်ယူနိုင်ရန် Part D နှင့်ကျန်းမာရေး ကုန်ကျစရိတ်များအား သက်သာစေနိုင်ရန် Medigap အာမခံထပ်မံ လျှောက်ထားခြင်းနှင့်ဝယ်ယူခြင်းများပြုလုပ်နိုင်ပါသည်။

မိမိသင့်တော်မည့်အစီစဉ်ကိုဆုံးဖြတ်ရွေးချယ်ရာတွင် အောက်ပါ အချက်များကိုထည့်သွင်းစဉ်းစားပါ။သင့်အတွက် သင့်တော်မည့်  လျှောက်ထားနိုင်သော ကျန်းမာရေးအာမခံအစီအစဉ်များကိုသိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်။

အခြားကျန်းမာရေးအာမခံများ

ဆက်သွယ်ရန်

သင်ရရှိ လျှောက်ထားနိုင်သော ကျန်းမာရေးအာမခံအစီအစဉ်များအကြောင်းသိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။