ကြိုတင်ကာကွယ်ထားဖို့

အသင့်တော်ဆုံးအချိန်က...ယခုပါ

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ

Edit Content

Individuals & Families

Find out & apply for assistance that could lower the cost of your health coverage. You may also qualify for health care coverage from Medicaid or Child Health Plus through the Marketplace for ACA/Qualified Health Plans (ObamaCare).

65 years & older

Apply Medicare Advantage Plans are for 65 years & older who have Part A & B and/or are eligible for State Medicaid Program.

Small Business

We can help employers offer high quality, affordable health insurance coverage to employees directly from certified Insurers where they may be eligible for tax credits that reduce the cost of coverage through the Small Business Marketplace (SHOP).

Students Health

International students can apply & purchase the Student Health Plans which are required by colleges, universities, or other institutions of higher. Coverage for international students studying in the U.S. is available to students on an F1 visa and meets J1 visa requirements.

Students Health

International students can apply & purchase the Student Health Plans which are required by colleges, universities, or other institutions of higher. Coverage for international students studying in the U.S. is available to students on an F1 visa and meets J1 visa requirements.

Dental and Vision

Apply stand alone or combined dental and vision benefits from budget-friendly monthly premiums to low copays with PPO network that is sure to fit your needs.Use your benefits on day 1 with no waiting periods for routine dental exams and cleanings, and preventive vision exams.

Travel & International

Global Peace of Mind for travelers, expats, and visitors. Travel Medical protects you in the event of an illness or injury while traveling outside of your home country. International Health Insurance provides medical coverage for individuals and families living abroad (or away from their home country) and includes benefits such as preventive care, routine check-ups, and treatment for illnesses and injuries.

ကျောင်းသား/သူများ

အမေရိကန်နိုင်ငံတွင် လာရောက် ပညာသင်ဆည်းပူးလိုသူများ အတွက် F1 နှင့် J1 Visa လျှောက်ထား နိုင်ရန် မိမိတက်ရောက်လိုသော ကျောင်းမှ လိုအပ်သည့် ကျန်းမာရေးအာမခံအစီအစဉ် ကိုလွယ်ကူစွာလျှောက်ထားနိုင်ပါသည်။

Edit Content

Term Life

Life insurance that pays a benefit in the event of the death of the insured during a specified term.

Whole Life

Life insurance that pays a benefit on the death of the insured and also accumulates a cash value.

ခေတ္တ ယာယီ အသက်အာမခံ

မိမိရွေးခြယ်လျှောက်ထားသော သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အသက်အာမခံထားသူ ကွယ်လွန်ချိန်မှာ အကျိုးခံစားခွင့်ရှိသည့် အသက်အာမခံအမျိုးအစားဖြစ်ပါသည်။

တဘဝစာ ရေရှည် အသက်အာမခံ

အသက်အာမခံထားသူ ကွယ်လွန်ချိန်မှာ အကျိုးခံစားခွင့်ရှိသလို, အသက်ရှိစဉ်တွင်လည်း ငွေကိုရင်းနှီးမြှုပ်နှံနိုင်ပြီး အတိုး ရရှိနိုင်သည့် အသက်အာမခံအမျိုးအစားဖြစ်ပါသည်။

Kairox Solution Agency က အမေရိကန်နိုင်ငံနယူးယောက်မြို့မှာ အခြေစိုက်တည်ရှိတဲ့ ပုဂ္ဂလိကပိုင်အာမခံကိုယ်စားလှယ်ဖြစ်ပါတယ်။ သင်နဲ့ သင့်မိသားစု (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်များနဲ့ဝန်ထမ်းများအတွက် လိုအပ်ပြီးရသင့်ရထိုက်တဲ့ ကျန်းမာရေးနဲ့အသက်အာမခံအစီအစဉ်များလျှောက်ထားရာမှာ အခမဲ့ ကူညီဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အမေရိကန်ပြည်နယ် (၄၁) ခုတို့မှာ တရားဝင်လုပ်ဆောင်ခွင့် အသိအမှတ်ပြုမှတ်ပုံတင်လက်ခံရရှိထားပါတယ်။

အမေရိကန်အစိုးရမှထောက်ပံ့တဲ့ Medicaid နဲ့ Children Health Insurance Program (CHIP) ကျန်းမာရေးအာမခံအစီအစဉ်များအပြင် သင့်ရဲ့ဝင်ငွေပေါ်မူတည်ပြီး deductible (နှုတ်ယူငွေ) နဲ့ အခြားပေးဆောင်ငွေများသက်သာတဲ့ အာမခံအစီအစဥ်များကို ကုန်ကျစရိတ်များလျှော့ချနိုင်ဖို့အတွက် အခမဲ့ကူညီလျှောက်ထားပေးမှာဖြစ်ပါတယ်။ 

ဒါ့အပြင် မိမိနိုင်ငံမှ အမေရိကန်နိုင်ငံကိုလာရောက်ပညာသင်ယူလိုတဲ့ ကျောင်းသူကျောင်းသားများနဲ့ ခေတ္တခဏ ခရီးလာရောက်လည်ပတ်လိုသူများအတွက် လိုအပ်တဲ့ရက်တို၊ ရက်ရှည်နဲ့ နှစ်ရှည်ကျန်းမာရေးအာမခံအစီအစဉ်များကိုလည်း လွယ်ကူစွာစုံစမ်းလျှောက်ထားနိုင်ပါတယ်။

Kairox Solution ရဲ့ အာမခံဆိုင်ရာဝန်ဆောင်မှုတိုင်းက အခမဲ့ဖြစ်ပြီး စိတ်ကြိုက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

*(၂၀၂၆ ဇန်နဝါရီကစတင်ပြီး New York အတွင်းနေထိုင်သူများအတွက် ဝန်ဆောင်ခကောက်ခံမှုရှိပါမယ်။)

သင့်ရဲ့အာမခံနဲ့ဆိုင်တဲ့မေးခွန်းတွေအတွက် အဖြေရှာဖို့ Kairox ကို ဘာကြောင့်ရွေးချယ်သင့်လဲဆိုရင်...

အာမခံနယ်ပယ်မှာ နှစ်ပေါင်းများစွာ ကျွမ်းကျင်တဲ့အတွေ့အကြုံရှိခြင်း

Kairox Solution ဟာဆိုရင် ကျန်းမာရေးနဲ့အသက်အာမခံနယ်ပယ်မှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့အပြင် ဝန်ဆောင်မှုပေးတဲ့ US ပြည်နယ်တိုင်းက အစိုးရအာမခံဌာနတွေမှာမှတ်ပုံတင်ထားပြီး လိုင်စင်ရှိအသိအမှတ်ပြုလက်မှတ်ကိုလည်း လက်ခံရရှိထားပါတယ်။

တစ်ဦးချင်းစီရဲ့လိုအပ်ချက်များအပေါ် အာရုံစိုက်ပြီး အသေးစိတ်ဝန်ဆောင်မှုပေးနိုင်ခြင်း

သင်ကိုယ်တိုင်အတွက်ဖြစ်စေ၊ သင့်မိသားစုအတွက်ဖြစ်စေ၊​ သင့်လုပ်ငန်းနဲ့ဝန်ထမ်းများအတွက်ဖြစ်စေ အာမခံလိုအပ်ချက်အလိုက် ကုန်ကျစရိတ်နဲ့ အချိန်ကုန်သက်သာစေဖို့ Kairox Solution က တစ်ဆင့်ချင်းစီ ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်။

အာမခံကုမ္ပဏီများစွာနဲ့မိတ်ဖက်ဖြစ်တဲ့အတွက် ကိုယ်နဲ့သင့်တော်မယ့် အာမခံအစီအစဉ်များကို တစ်ချိန်ထဲမှာနှိုင်းယှဉ်ရွေးချယ်နိုင်ခြင်း

Kairox Solution က ဝန်ဆောင်မှုပေးတဲ့ US ပြည်နယ်တိုင်းမှာ အာမခံကုမ္ပဏီပေါင်းများစွာနဲ့ မိတ်ဖက်အဖြစ်လက်တွဲလုပ်ကိုင်နေတဲ့အတွက် သင်လိုအပ်တဲ့အာမခံအစီအစဉ်များကို အချိန်တိုအတွင်း အလွယ်တကူနှိုင်းယှဥ်လျှောက်ထားဖို့ ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ ပြည်နယ်တစ်ခုကနေတစ်ခု အာမခံပြောင်းလျှောက်ဖို့လည်း လွယ်ကူစေပါတယ်။

ရိုးရှင်းလွယ်ကူစွာ လျှောက်ထားနိုင်ခြင်း

သင်အဆင်ပြေတဲ့အချိန်မှာ ဖုန်း (သို့) အွန်လိုင်းကတစ်ဆင့် အချိန်ခဏလေးအတွင်း လွယ်ကူစွာလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

မကေနဲ့ လက်တွဲလာတာ ဒီနှစ်နဲ့ဆို ၃ နှစ်ပြည့်ပါပြီ ... health insurance နဲ့ပက်သက်ပြီး သိချင်တာတွေ အသေးစိတ်ကအစ စိတ်ရှည်လက်ရှည် နဲ့ မညိုမငြင်ပဲ ရှင်းပြပေးပြီး အမြဲကူညီပေးတတ်တဲ့အမပါ 😍😍😍

KAIROX was incredibly helpful and professional throughout the entire process. They took the time to explain all my options and found the best coverage for my needs. I highly recommend them for anyone looking for a reliable insurance agent! Safe Time, Safe Money, Best Coverages..

Insurance နဲ့ ပတ်သက်ရင် မသိတာတွေကို အမြဲတမ်း စိတ်ရှည်စွာ ရှင်းပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် Kairox Solution Agency is the best.👍

ဗဟုသုတများနှင့် မေးလေ့ရှိသော မေးခွန်းများ

Medicaid သည် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှ အတူတကွ သတ်မှတ်ထားသည့်ဝင်ငွေနှင့်ကိုက်ညီသော သူများ သို့မဟုတ် ဝင်ငွေနည်းပါး သူများအတွက် တဦးချင်းလိုက်ဖြစ်စေ , မိသားစုလိုက်ဖြစ်စေ၊ အသက်အရွယ်မရွေး အခမဲ့ထောက်ပံ့ပေးသော အစိုးရကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။
Medicare သည် အသက် ၆၅ နှစ်နှင့် ၆၅ နှစ်အထက်ရှိသူများအတွက် ပြည်ထောင်စု အစိုးရမှထောက်ပံ့ပေးသော ကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။ Medicare အား မိမိနေထိုင်ရာပြည်နယ်ရှိနီးစပ်ရာ Social Security Administration ရုံးမှတဆင့်လျှောက်ထားနိုင်ပါသည်။
Marketplace သည် အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် မည်သူမဆို ကျန်းမာရေးအာမခံအစီအစဉ်များကို လျှောက်ထားနိုင်ရန် သို့မဟုတ် ဝယ်ယူနိုင်သည့် နေရာဖြစ်ပြီး ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှတဆင့်ကျန်းမာရေးအာမခံ ကုန်ကျစရိတ်များကိုသက်သက်သာသာဝယ်ယူနိုင်ရန် အထောက်အပံ့များကိုလည်း လျှောက်ထားနိုင်သည့်နေရာဖြစ်ပါသည်။
နှစ်စဉ် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည် တနှစ်မှာတကြိမ်ဖြစ်ပြီး ပြည်နယ်အများစုတွင်ပုံမှန် နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိဖြစ်ပါသည်။ ထိုအချိန်ကာလအတွင်းတွင် သင်သည် ကျန်းမာရေးအာမခံလျှောက်ထားခြင်း၊ လက်ရှိအာမခံအစီအစဉ်အားပြောင်းခြင်း (သို့) ပယ်ဖျက်ခြင်းစသဖြင့် လုပ်ဆောင်နိုင်ပါသည်။ အချို့ပြည်နယ်များတွင် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည်ကွဲပြားနိုင်ပါသည်။

အကယ်၍ သင်သည်လက်ရှိ Medicaid ရရှိထားပါက လာမည့် နှစ်တွင် ဆက်လက် ရရှိနိုင်ခွင့်ရှိမရှိနှင့် သင့်၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဝင်ငွေ (သို့) လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအခြေအနေများ စသဖြင့် ကို နှစ်စဉ် အကြောင်းကြား ပြန်လည်လျှောက်ထားရခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပါသည်။

လက်ရှိသတင်းများနှင့် အချက်အလက်များအားဖတ်ရှုရန်

Read More
Read More
Read More