
Marketplace မှ ကျန်းမာရေးအာမခံ အစီအစဉ်တိုင်းတွင် အောက်ဖော်ပြပါ မရှိမဖြစ် အကျိုးခံစားခွင့်နှင့် ရရှိနိုင်သည့် အခြေခံ ကျန်းမာရေးဝန်ဆောင်မှု ၁၀ မျိုးပါဝင်ပါသည်။
1. ဆေးရုံတက်စရာမလိုပဲ အပြင်လူနာအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများရနိုင်ခြင်း

2. အရေးပေါ်ဝန်ဆောင်မှုများ

3. ဆေးရုံတက်ရခြင်း – ခွဲစိတ်ကုသမှုနှင့် ညအိပ် ကုသမှုများအတွက်

4. ကိုယ်၀န်ဆောင်နှင့် မွေးကင်းစ ကလေးများအတွက် ဂရုစိုက် ကုသမှု၀န်ဆောင်မှုများ (မမွေးခင်နှင့် မွေးပြီးနောက်)

5. စိတ်ကျန်းမာရေးနှင့် တားမြစ်ဆေးဝါး အလွန်အကျွံသုံးဆွဲမှု ကုသခြင်း၀န်ဆောင်မှုများ၊ နေထိုင်မှုအပြုမူဆိုင်ရာကုသမှုများ (ဆွေးနွေးတိုင်ပင် အကြံဉာဏ်ပေးခြင်းနှင့် စိတ်ရောဂါဆိုင်ရာ ကုထုံးများ)

6. လိုအပ်သည့်ဆေးစာဖြင့်ရနိုင်သည့်သောက်ဆေးများ

7. ဒဏ်ရာရရှိထားသူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါသည်များအတွက် စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာြပန်လည်ထူထောင်ရေးဝန်ဆောင်မှုများနှင့် လိုအပ်သည့် လေ့ကျင့်ရေးဆိုင်ရာစက်ပစ္စည်းများ

8. သွေးစစ်ခြင်းနှင့် ဓာတ်ခွဲခန်းဝန်ဆောင်မှုများ 

9. နှစ်စဉ် အထွေထွေကျန်းမာရေး, ကြိုတင်ကာကွယ်ခြင်း နှင့်နာတာရှည်ရောဂါစီမံခန့်ခွဲသော
၀န်ဆောင်မှုများ

10. ကလေးများအတွက် အထွေထွေ ကျန်းမာရေးဝန်ဆောင်မှုများ အပြင်၊ ခံတွင်းနှင့် အမြင်အာရုံ ကုသဂရုစိုက်ပေးသည့် ၀န်ဆောင်မှုများ ပါဝင်ပါသည်။ 

အခြားပါ၀င်သော ရရှိနိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုများမှာ –

– ပဋိသန္ဓေ ကြိုတင်ကာကွယ် တားမြစ်ပေးသည့် ၀န်ဆောင်မှုများ
– မိခင်နို့အာဟာရ တိုက်ကျွေးခြင်းနှင့်ပတ်သက်သည့် ၀န်ဆောင်မှုများ ဖြစ်ပါသည်။
ကျန်းမာရေး အာမခံအစီအစဉ်များတွင် လိုအပ်ချက်အလိုက်ထပ်မံထည့်သွင်းလျှောက်ထားနိုင်သည့်ဝန်ဆောင်မှုများမှာ
– အသက်ရွယ်မရွေး သွားနှင့် ခံတွင်း ကြိုတင်ကုသ ကာကွယ်ခြင်း ၀န်ဆောင်မှု
– မျက်လုံးနှင့် အမြင်အာရုံ ကြိုတင်ကုသ ကာကွယ်ခြင်း ၀န်ဆောင်မှု
– ရောဂါအလိုက် ကြိုတင်ကုသ ကာကွယ်ခြင်း နှင့် ထိန်းချုပ်ခြင်း အစီအစဉ်များ (ဥပမာ – ကိုယ်အလေးချိန် ထိန်းချုပ်မှု, ခါးနာ ရောဂါကုသခြင်း နှင့် ဆီးချိုးသွေးချိုရောဂါ ကုသခြင်းတို့ဖြစ်ပါသည်။)
**မှတ်ချက်။ မိမိနေထိုင်ရာပြည်နယ်၏ ပြဠာန်းချက်များအလိုက် ရရှိနိုင်သည့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများကွဲပြားနိုင်ပါသည်။ကျန်းမာရေး အာမခံအစီအစဉ်အားလုံးတွင် အထက်ပါ အခြေခံ ကျန်းမာရေးဝန်ဆောင်မှု ၁၀မျိုး ပါဝင်ပြီး အချို့ပြည်နယ်များတွင် လူကြီးများအတွက် သွားနှင့် ခံတွင်း, အမြင်အာရုံ ကျန်းမာရေး ဝန်ဆောင်မှုများ သည်အခြေခံကျန်းမာရေးဝန်ဆောင်မှု ၁၀ မျိုးတွင်မပါဝင်ပါ။
ကိုယ်နေထိုင်ရာ ပြည်နယ်တွင်ရရှိနိုင်သည့်အခြေခံကျန်းမာရေးဝန်ဆောင်မှုများကိုသိလိုပါက အခမဲ့မေးမြန်းစုံစမ်းလျှောက်ထားနိုင်ပါသည်။ **