မေးလေ့ရှိသောမေးခွန်းများအတွက်
ဤစာမျက်နှာတွင်မကြာခဏမေးလေ့ရှိသောမေးခွန်းများအတွက်အဖြေများကိုရှာဖွေဖတ်ရှုနိုင်မည်ဖြစ်ပါသည်။
အကယ်၍သင်သိလိုသောမေးခွန်း၏အဖြေကိုရှာမတွေ့ပါကကျွန်ုပ်တို့မှဝမ်းမြောက်ဝမ်းသာတိုက်ရိုက်ဖြေဆိုပေးနိုင်ရန်အတွက်အခုပဲဆက်သွယ်လိုက်ပါ။
Medicaid သည် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှ အတူတကွ သတ်မှတ်ထားသည့်ဝင်ငွေနှင့်ကိုက်ညီသော သူများ သို့မဟုတ် ဝင်ငွေနည်းပါး သူများအတွက် တဦးချင်းလိုက်ဖြစ်စေ , မိသားစုလိုက်ဖြစ်စေ၊ အသက်အရွယ်မရွေး အခမဲ့ထောက်ပံ့ပေးသော အစိုးရကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။
Medicare သည် အသက် ၆၅ နှစ်နှင့် ၆၅ နှစ်အထက်ရှိသူများအတွက် ပြည်ထောင်စု အစိုးရမှထောက်ပံ့ပေးသော ကျန်းမာရေးအာမခံအစီအစဉ် ဖြစ်ပါသည်။ Medicare အား မိမိနေထိုင်ရာပြည်နယ်ရှိနီးစပ်ရာ Social Security Administration ရုံးမှတဆင့်လျှောက်ထားနိုင်ပါသည်။
Marketplace သည် အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် မည်သူမဆို ကျန်းမာရေးအာမခံအစီအစဉ်များကို လျှောက်ထားနိုင်ရန် သို့မဟုတ် ဝယ်ယူနိုင်သည့် နေရာဖြစ်ပြီး ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရမှတဆင့်ကျန်းမာရေးအာမခံ ကုန်ကျစရိတ်များကိုသက်သက်သာသာဝယ်ယူနိုင်ရန် အထောက်အပံ့များကိုလည်း လျှောက်ထားနိုင်သည့်နေရာဖြစ်ပါသည်။
နှစ်စဉ် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည် တနှစ်မှာတကြိမ်ဖြစ်ပြီး ပြည်နယ်အများစုတွင်ပုံမှန် နိုဝင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိဖြစ်ပါသည်။ ထိုအချိန်ကာလအတွင်းတွင် သင်သည် ကျန်းမာရေးအာမခံလျှောက်ထားခြင်း၊ လက်ရှိအာမခံအစီအစဉ်အားပြောင်းခြင်း (သို့) ပယ်ဖျက်ခြင်းစသဖြင့် လုပ်ဆောင်နိုင်ပါသည်။ အချို့ပြည်နယ်များတွင် ကျန်းမာရေးအာမခံ လျှောက်ထားနိုင်သည့် အချိန်ကာလသည်ကွဲပြားနိုင်ပါသည်။
အကယ်၍ သင်သည်လက်ရှိ Medicaid ရရှိထားပါက လာမည့် နှစ်တွင် ဆက်လက် ရရှိနိုင်ခွင့်ရှိမရှိနှင့် သင့်၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဝင်ငွေ (သို့) လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအခြေအနေများ စသဖြင့် ကို နှစ်စဉ် အကြောင်းကြား ပြန်လည်လျှောက်ထားရခြင်းဖြစ်ပါသည်။
Kairox Solution ရဲ့ အာမခံဝန်ဆောင်မှုတွေကအခမဲ့ဖြစ်ပြီး စာရင်းပေးသွင်းဖို့အတင်းအကျပ်တိုက်တွန်းခြင်းမျိုးလည်းမရှိပါဘူး။
*သတိပြုရန် -၂၀၂၆၊ ဇန်နဝါရီကစတင်ပြီး New York အတွင်းနေထိုင်သူများအတွက် ဝန်ဆောင်ခကောက်ခံသွားပါမယ်။
သင့်၏ နေရပ်လိပ်စာ, ဖုန်းနံဲပတ်နှင့် Email များအပြောင်းအလဲရှိပါကinsurance@kairoxsolutionagency.com သို့ နာမည်အပြည့်အစုံနှင့် , မွေးနေ့အားထည့်၍ ပို့ပေးနိုင်ပါသည်။
ကျန်းမာရေး နှင့် အသက်အာမခံလျှောက်ထားပါက ပုံမှန်အားဖြင့် အနည်းဆုံး ၂ ပတ်မှ ၄၅ ရက်အတွင်းကြာတတ်ပါသည်။
လစဉ်အာမခံကြေးကိုသင်သည် သင်လျှောက်ထားသည့် အာမခံ ကုမ္ပဏီအား ပေးရမည်ဖြစ်ပါသည်။ Marketplace နှင့် ကျွန်ုပ်တို့အား ပေးလို့မရပါ။ ပထမဆုံးအကြိမ် လျှောက်ထားပါက အာမခံကြေးပေးသွင်းပြီးသည့်နောက်တွင် အာမခံကဒ်ကိုလက်ခံရရှိမည်ဖြစ်ပါသည်။ အာမခံကုမ္ပဏီအားဆက်သွယ်၍ မည်ကဲ့သို့ပေးနိုင်သည် ကိုမေးမြန်းခြင်း သို့မဟုတ် အကူအညီလိုပါက ကျွန်ုပ်တို့အားဆက်သွယ်မေးမြန်းပါ။
မိသားစုဝင်များနှင့် ဝင်ငွေအပြောင်းအလဲများရှိပါက သင့်၏ နာမည်,မွေးနေ့နှင့် လက်ရှိလ၏ ဝင်ငွေနှင့်ဆိုင်သော အချက်အလက်များကို insurance@kairoxsolutionagency.cm ကိုပို့၍ သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းကြားနိုင်ပါသည်။
Special Enrollment (အထူးစာရင်းပေးသွင်းရန်ကာလ) ဆိုတာ နှစ်စဥ်ကျန်းမာရေးအာမခံလျှောက်ထားနိုင်တဲ့ Open Enrollment ကာလထက်ကျော်လွန်ပြီး ကျန်းမာရေးအာမခံအတွက် စာရင်းပေးသွင်းနိုင်တဲ့အချိန်ဖြစ်ပါတယ်။ Special Enrollment အတွက် ကျန်းမာရေးအာမခံဆုံးရှုံးခြင်း၊ နေရာအသစ်ကို ပြောင်းရွှေ့ခြင်း၊ အိမ်ထောင်ပြုခြင်း၊ ကလေးမွေးခြင်း၊ သတ်မှတ်ဝင်ငွေပမာဏထက်နည်းခြင်း စတဲ့လိုအပ်ချက်တွေပြည့်မီဖို့ လိုပါတယ်။
US ကျန်းမာရေးအာမခံအစီအစဉ်အများစုက နိုင်ငံပြင်ပဆေးဘက်ဆိုင်ရာကုန်ကျစရိတ်တွေအတွက် အကာအကွယ်မပေးထားပါဘူး။ နိုင်ငံခြားခရီးထွက်တုန်း ကုသစောင့်ရှောက်မှုတွေအတွက် ခရီးသွားကျန်းမာရေးအာမခံ လျှောက်ထားရမှာဖြစ်ပါတယ်။
PCP နောက်တစ်ယောက်ပြောင်းမယ်ဆိုရင် အနီးအနားတစ်ဝိုက်မှာရှိတဲ့ In-network PCP တွေကို ရှာဖွေဖို့ အွန်လိုင်း PCP လမ်းညွှန် directory ကို အသုံးပြုပါ။ ကိုယ်ရွေးလိုက်တဲ့ PCP က လူနာအသစ်တွေကို လက်ခံကုသနေလားဆိုတာ အတည်ပြုပါ။ ပြီးရင် အွန်လိုင်း member portal ထဲကို log in ဝင်ပြီး PCP အသစ်ပြောင်းလဲမှုကို update လုပ်ပါ။ ဒါမှမဟုတ် အာမခံဝန်ဆောင်မှုဖုန်းနံပါတ်ကိုခေါ်ပြီး update လုပ်နိုင်ပါတယ်။
အာမခံကုမ္ပဏီရဲ့ customer service ဖုန်းနံပါတ်ကိုခေါ်ပြီး အစားထိုးကတ်ထုတ်ပေးဖို့တောင်းဆိုပါ။ တောင်းဆိုထားတုန်းကာလမှာ အာမခံစာရွက်စာတမ်းအဟောင်းတွေပေါ်က ကိုယ့်ရဲ့အာမခံအဖွဲ့ဝင် ID နံပါတ်ကို ပြန်ရှာကြည့်နိုင်ပါတယ်။ PCP ဆေးခန်းကိုဖုန်းဆက်ပြီးတော့လည်း အာမခံအချက်အလက်သိမ်းထားလား မေးလို့ရပါတယ်။
Open Enrollment (နှစ်စဥ်ကျန်းမာရေးအာမခံလျှောက်ထားရန်ကာလ) နဲ့ Special Enrollment (အထူးစာရင်းပေးသွင်းရန်ကာလ) တို့အတွင်း ပြောင်းလဲနိုင်ပါတယ်။
ဗဟုသုတရနိုင်သောဗွီဒီယိုများ
သင်သိချင်တာတွေအတွက်
သင့်အတွက်တန်ဖိုးရှိပြီးအရေးကြီးသောအနာဂတ်အစီအစဉ်များကိုကြိုတင်ကာကွယ်နိုင်ရန်အတွက်သင့်တော်မည့်အာမခံအစီအစဉ်များကိုလျှောက်ထားပါ။
