Small Business Health Options Program (SHOP) မှတဆင့် အသေးစားလုပ်ငန်းရှင်များမှ မိမိ၏ဝန်ထမ်းများအတွက် အရည်အချင်းမြင့်ပြီးကောင်းမွန်သော ကျန်းမာရေး နှင့် သွား အာမခံအစီအစဉ်များကို အသိအမှတ်ပြုလက်မှတ်ရ အာမခံ ကုမ္ပဏီ များမှ တဆင့်သက်သာစွာ လျှောက်ထားခွင့်ပေးနိုင်မည်ဖြစ်ပါသည်။
SHOP မှတဆင့်သင်သည် သင့်ဝန်ထမ်းများကို လိုက်လျောညီထွေရှိသော ကျန်းမာရေး နှင့် သွား၊မျက်လုံးကျန်းမာရေး စသဖြင့်အာမခံအစီအစဉ် အမျိုးမျိုးအား ရွေးချယ်ခွင့်အားပေးနိုင်မည်ဖြစ်ပါသည်။ သင်သည်သင့်ဝန်ထမ်းများအတွက် လစဉ်အာမခံကြေးများကိုစိုက်ထုတ်ပေးသွင်းနိုင်ပြီး ဝန်ထမ်းများ၏ မိသားစုဝင်များကိုပါ ကမ်းလှမ်းမှု နှင့် ဝန်ထမ်းအသစ်ဖြစ်ပါက ကျန်းမာရေးအာမခံအစီစဉ်ကို လျှောက်ထားနိုင်ရန် သင့်တော်သည့် စောင့်ဆိုင်းကာလကိုသတ်မှတ်နိုင်မည်ဖြစ်ပါသည်။
သင်ရရှိ လျှောက်ထားနိုင်သော ကျန်းမာရေးအာမခံအစီအစဉ်များအကြောင်းသိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။