ခေတ္တ ယာယီ အသက်အာမခံ
Health Insurance For Newborn Babies. Life Insurance for New Baby. Mother holding in hands feet of

မိမိရွေးချယ်လျှောက်ထားသော သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အသက်အာမခံထားသူ ကွယ်လွန်ချိန်တွင် အကျိုးခံစားခွင့်ရှိသည့် နှစ်တို အသက်အာမခံအမျိုးအစားဖြစ်ပါသည်။ အာမခံကြေးသည် ပုံမှန် တဘဝစာ အသက်အာမခံကိုလျှောက်ထားခြင်းထက်များစွာ သက်သာနိုင်ပါသည်။ လစဉ်မိမိ၏ဝင်ငွေ နှင့် ခက်ခဲသောဘဏ္ဍာရေးအခြေအနေများအရ သင်နှင့်သင့်တော်မည့်ကာလတိုမှ နှစ် ၃၀ အထိအချိန်ပမာဏ ကိုကာကွယ်နိုင်ရန် သင်ရွေးချယ်လျှောက်ထားနိုင်ပါသည်။ ခေတ္တ ယာယီ အသက်အာမခံကို သတ်မှတ်ထားသည့် အကျိုးခံစားခွင့် ငွေပမာဏ အထိ လျှောက်ထားရာတွင် ဆေးစစ်ခြင်းများကို ပြုလုပ်ရန်မလိုအပ်ပဲ လိုက်လျှောညီထွေမှုရှိသည့်အပြင် ခွင့်ပြုသည့်အချိန်အလိုက် နောက်ပိုင်းတွင် သင်အလိုရှိပါက နှစ်ရှည် တဘဝစာ အသက်အာမခံအဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

ခေတ္တ ယာယီ အသက်အာမခံ ကိုလျှောက်ထားရန်

01

လျှောက်ထားနိုင်သည့်အသက်အရွယ် သည် ၁၈ နှစ်မှ အသက် ၈၀အထိဖြစ်ပါသည်။

02

ရွေးချယ်လျှောက်ထားနိုင်သည့် အချိန်ကာလမှာ

၁၀, ၁၅, ၂၀, ၂၅ နှင့် အနှစ် ၃၀ ဖြစ်ပါသည်။
03

သင့်လက်ရှိဘဝနေထိုင်မှုပုံစံနှင့် ကိုက်ညီသောလိုအပ်သည့်အချိန်ကာလကိုရွေးချယ်နိုင်ခြင်း

သတ်မှတ်ထားသောနာတာရှည် ရောဂါ များ ဖြစ်ပါက မိမိအသက်ရှိနေစဉ်အကျိုးခံစားခွင့် များ စောစီးစွာထုတ်ယူအသုံးပြုနိုင်ခြင်း စသဖြင့် အခြား အကျိုးခံစားခွင့်တို့ကို မိမိ စိတ်ကြိုက်ပြင်ဆင်လျှောက်ထားနိုင်သည်။

အသက်အာမခံ အကျိုးခံစားမှု ပမာဏ အနည်းဆုံး ဒေါ်လာ၂သိန်းခွဲ မှ ၁၀ သန်း နှင့်အထက် လျှောက်ထားနိုင်ပါသည်။ ဥပမာအားဖြင့်ကျန်းမာသော အသက် ၃၀ အရွယ်သည် တစ်နှစ်လျှင် အသက်အာမခံကြေး ၁၆၅ ဒေါ်လာ ပေးဆောင်ရုံဖြင့်လျှောက်ထားရရှိနိုင်ပါသည်။ခေတ္တ ယာယီ အသက်အာမခံ သည်အောက်ပါအချက်အလက်များနှင့်ကိုက်ညီသူတို့အတွက်သင့်တော်သည့်ရွေးချယ်မှုဖြစ်ပါသည်။